ဟုမ္မလင်း သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသမီးများ အားလူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုသွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်ရေးဥပေဒေရေးရာ အသိပညာပေးဟောပြောကို သြဂုတ် (၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က (၁) ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် ဥပေဒေအရာရှိ ဦးစောလင်းအောင်က အမျိုးသမီးများအား လူကုန်ကူးမှုနှင့်သက်ငယ်မုဒိန်းမှု အကြောင်းသိကောင်းစရာ ဥပေဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဟုမ္မလင်းမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒု-ရဲမှူး အောင်သူရိန်က အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုနှင့် သွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဌ ဒေါ်ဒုံစေ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးက တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့၊ ဟုမ္မလင်းမြို့နယ် ဥပေဒေအရာရှိ ဦးစောလင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒု-ရဲမှူး အောင်သူရိန်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့် အဖွဲ့ဝင်းများ၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၄၆၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)