ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ညောင်ဦး  ဩဂုတ်  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီက ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ  ငွေစာရင်းထိန်း သိမ်းရာတွင် လွဲမှားမှုမရှိစေရေး ငွေစာရင်းခေါင်းစဉ်အလိုက် မှန်ကန်စွာ စာရင်းရေးသွင်းနိုင်ရေးတို့အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းသန်းက ဦးစီးဌာနများ၏ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်း ညွှန်ကြားချက် (ပုံစံ ဌစ-၁ မှ ပုံစံဌစ-၁၆)ထိ သင်တန်းပို့ချလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများ၊ ငါ့သရောက်မြို့ရုံးဝန်ထမ်းများတက်ရောက်သင်ကြားလျက်ရှိပြီး ကျောက်ပန်းတောင်း မြို့နယ်ရုံးဝန် ထမ်းများက ZOOM Application ဖြင့်တက်ရောက်ကြောင်းသိရသည်။

ဒီပါလင်း