ရက်စောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်း ဆောင်ရွက်

ရပ်စောက် ဩဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်၊ ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးပြည့်ကျော်က ဆက်သွယ်ရေလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် အမျိုးမျိုးသော လိမ်လည်မှုလုပ်ငန်းများအား သိရှိနားလည်စေရန်နှင့် သတိပြုရှောင်ရှားနိုင်စေရန် ပြောကြားသည်။ ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေနှင့်ပတ်သက်သည့် အသိပညာပေးဗီဒီယိုများ ပြသဆောင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)