မဟာအောင်မြေ ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသား ကျောင်းသူများအနေနဲ့ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပေးခဲ့သည်။
အဆိုပါ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူး ဖလားဘောလုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးရဲမြင့်နှင့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာများ ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်အားပေးခဲ့ကြပြီး သြဂုတ်လ (၁)ရက်နေ့မှ(၇)ရက်နေ့အထိအုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲအား အလင်းအားမာန်အသင်းနှင့် အ.ထ.က(ခွဲ)၂အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် အလင်းအားမာန်အသင်းမှ အနိုင်ရရှိခဲ့ကြောင်းသိရပြီး ပထမ၊ ဒုတိယ၊ တတိယပူးတွဲရရှိသော အားကစားသမားများအား ဆုဖလားနှင့် (ရွှေ၊ငွေ၊ကြေး)ဆုတံဆိပ်ဆွဲပြားများကို တာဝန်ရှိသူများကအသီးသီး ခချီးမြှင့်ပေခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း