တပ်ကုန်းမြို့နယ်၌ မိုးရွာသွန်း၍ ကျေးရွာချင်းဆက် ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ် လမ်း ရေတိုက်စား ပျက်စီးမှုဖြစ်ပွား

တပ်ကုန်း ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ သကြားဟင်းအိုးနှင့် တောင်ပို့သာကျေးရွာချင်းဆက်လမ်း၊ ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ်လမ်း တောင်ကျရေကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက ရေတိုက်စား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း၊ ညောင်ကိုင်းချောင်းကူး တံတားသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ထားသော အကျယ် ၁၆ ပေ၊ အရှည် ၆၀ ပေရှိ သံကူကွန်ကရစ်တံတား၏ အကျယ် ၁၈ ပေ၊ အရှည် ၄၀ ပေခန့် ချဉ်းကပ်မြေသားလမ်း ရေတိုက်စားပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

တင်စိုးလွင်