မြစ်ကြီးနားမြို့၌ ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်း ဖွင့်ပွဲကျင်းပ
Feb 29,2024
ကချင်တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပဒန်ရှရီ (Padang Shayi) ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲ (ကောင်းချီးခံယူဆုတောင်းဝတ်ပြုပွဲ) အခမ်းအနားကို ဖေဖော်ဝါရီ (၂၇) ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပ.လ.န၊ အမှတ် (၂) ကံ့ကော်မြိုင်ကျေးရွာရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။