ကျွန်းလှ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အမှန်တကယ်သိရှိစေရန်၊ သတင်းတု၊ သတင်းမှားများကြောင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်၊ သတင်းအမှန်ကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ခံစားခွင့်နှင့် စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များပါရှိသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ၊ ဈေးရောင်း ဈေးဝယ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)