သတင်းများ

နတ်မောက်မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး        
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။                      
လယ်ဝေးမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ခုတင်-၁၀၀ ဆေးရုံတွင် ယနေ့မွန်းလွဲပိုင်းက သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ်မြောက် ထိုးနှံပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် နတ်ရွာကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ် နတ်ရွာကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ ၈၃ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Feb 27,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ် ဂွေးကုန်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၇)နာရီက ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ကန်သာယာပြည်ထောင်စုကျွန်းရင်ပြင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲအခမ်းအနားကျင်းပ
Feb 27,2024
ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့ ကန်သာယာပြည်ထောင်စုကျွန်းရင်ပြင်၌ ယနေ့ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ ကြိုဆိုထောက်ခံပွဲသို့ မုံရွာမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ စုစုပေါင်းပြည်သူအင်အား (၇၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်တွင် သန်းကုန်းကျေးရွာတွင် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ သရုပ်ပြစိုက်ကွင်းအား ကြည့်ရှုအားပေးခြင်းနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Feb 27,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာရှိ ကွင်းအမှတ်(၁၃၃၈)တောင်သူ ဦးကြည်လှိုင်၏ လယ်မြေ(၅)ဧကတွင် မျိုးစေ့ချကိရိယာဖြင့် ဆာဖိုးသာစပါး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြစိုက်ကွင်းအား ကြည့်ရှုအားပေးကာ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားမြင့်မားရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။