နမ့်စန်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၅၃) ဦး ဝင်ရောက်ဖြေဆိုမည်

နမ့်စန်() ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂ ခုနှစ် မတ်လအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန () ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦး၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ စုစုပေါင်း (၃၅၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့်၊ အ.ထ.က(ခိုလန်) စာစစ်ဌာန ၂ ခု၌ အ.ထ.က ကျောင်း () ကျောင်း အ.ထ.က(ခွဲ)ကျောင်း (၄) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၁၁) ကျောင်းတို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား (၁၃၈) ဦးနှင့် ကျောင်းသူ (၂၁၅) ဦး၊ စုစုပေါင်း (၃၅၃) ဦးရှိကာ STEAMS-1 ဘာသာတွဲ အတွင်း/အပြင် ဖြေဆိုသူပေါင်း (၁၆၇) ဦး၊ STEAMS-2 ဘာသာတွဲ အတွင်း/အပြင် ဖြေဆိုသူပေါင်း (၇၉)ဦး  နှင့် STAMS-1 ဘာသာတွဲ အပြင်ဖြေဆိုသူပေါင်း () ဦးတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(နမ့်စန်)