သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ မြို့မိမြို့ဖများအား ချပြဆွေးနွေး
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန် ပဏာမ လျာထားတွက်ချက်ထားသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြို့မိမြို့ဖများအား၊ တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊  စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့် ဂေါ်ဒန်ကျောက်များအား စီးပွားဖြစ်ထုတ်ယူနိုင်ရေး ကျွမ်းကျင်ပညာရှင်များ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Feb 27,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မင်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့်‌ ဂေါ်ဒန်ကျောက်များအား စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ကျွမ်းကျင်ပညာရှင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲက ရေခါးကျေးရွာအုပ်စု၊ ရုံးပင်ကြောနှင့် ရွာအထွက် အနောက်ဘက် တောင်ကြား၊ သစ်ရာကောက်-မလွန်-မင်းလှကားလမ်းဘေး၊ ကုန်းကြီးကျေးရွာအုပ်စု၊ မင်းလှ-စစ္စနို့-သရက်ကားလမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ကျိန္တလီမြို့၌ ဒေသထွက် ဓနိအုန်းပျစ်များ စျေးကွက်အတွင်း စျေးကောင်းရ
Feb 27,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဓနိအုန်းပျစ်လုပ်ငန်း လုပ်ကိုင်သူများသည် ဓနိအုန်းပျစ်များကို ဖေဖေါ်ဝါရီလတွင် ရောင်းချချိန်၌ စျေးကောင်းရရှိကြောင်း သိရသည်။
လယ်ဝေးမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိသည်။                   
ကျောက်ဖြူခရိုင်၌ Grade-5 နှင့် Grade-9 စာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများမှ ဝင်ရောက်ဖြေဆို
Feb 27,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 အတန်းဆုံး စာမေးပွဲအား သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အေးသာယာစက်မှုဇုန်နှင့် ရှမ်းရိုးမ မွေးမြူရေးဇုန်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော ဒေသထွက်ကုန်ပစ္စည်းပြောင်းမှ စူပါဝင်းကြက်အစာ၊ ဝက်အစာထုတ်လုပ်နေသည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံမှ ကြက်အစာစက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်အစာစပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ဇမ္ဗူရပ်ကွက်၊ လေသာဘုန်းကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။