တပ်ကုန်း ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း မြေအောက်ရေအသုံးပြုပြီး မီးဖိုချောင်သုံး ဆောင်းသီးနှံဧက ၂၂၀၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့အတွင်းရှိ စိုက်ပျိုးရေးတောင်သူအချို့ ဆောင်းရာသီနှင့် နွေရာသီတွင် ဝင်ငွေရရှိစေရန် မြေအောက်ရေအသုံးပြု၍ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ကန်စွန်းရွက်၊ ကြက်သွန်မြိတ်စား စသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြောင်း၊ ဟင်းသီးဟင်းရွက်များ ဓာတုဓာတ်ကြွင်း ကင်းလွတ်စေရန် သဘာဝမြေဆွေးများဖြစ်သည့် နွားချေး၊ ဆိတ်ချေးများ အသုံးပြုကြောင်း၊ စိုက်ခင်းမမှ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များကို နေပြည်တော်အဟာရသုခဈေး၊ တပ်ကုန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချခြင်းဖြစ်ကြောင်း ခြုံကြီးကျေးရွာ မှ မီးဖိုချောင်သုံး သီးနှံစိုက်ပျိုးသည့်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တင်စိုးလွင်