ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ ကွင်းဆင်းကြည့်ရှု
Feb 25,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၃)ရက် နံနက်(၉)နာရီက ကလောခရိုင် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ နိုင်ငံစီးပွားရေးမြှင့်တင်ရေး ထုတ်ကုန် MSME တစ်ခုဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စားဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်နေသော Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။