သတင်းများ

ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 25,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ဒုတိယမီးသတ်ဦးစီးမှုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ မီးဘေးအန္တရာယ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ​အမရပူရမြို့၊ မှန်တန်းရပ်ကွက်နယ်မြေ ၁ တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုး ပြိုင်ပွဲကျင်းပ
Feb 25,2024
၂၀၂၄ခုနှစ်၊ ၁၃၈၅ခုနှစ် တပို့တွဲလဆန်း(၁၄)ရက်(သောကြာနေ့) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ(၂၃)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေး
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
ကန့်ဘလူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 25,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Feb 25,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၇)နာရီခွဲက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးဝင်းအတွင်း၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်ပေါင်းပင်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
မြိတ်မြို့တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ
Feb 25,2024
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကန်ဖျားရပ်ကွက်ရှိ ရာမညမွန်ဘုန်း‌တော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြပြီး ‌အခမ်းအနားကို မွန်အမျိုးသားအလံတော်အား တက်ရောက်လာကြသည့် မွန်တိုင်းရင်းသား/သူများက ဦးညွတ်အလေးပြု ဖွင့်လှစ်ခဲ့ကြသည်။
သရက်မြို့၌ အောင်စီဂျင်စက်ရုံ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မီးသတ်ဆေးဘူးလှူဒါန်း
Feb 25,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အောင်စီဂျင်စက်ရုံ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မီးသတ်ဆေးဘူးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Feb 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့တွင် ကျိုင်းတုံမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။