နတ်မောက်မြို့ တမာပင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ               

နတ်မောက် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က တမာပင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆွေးနွေးပြုလုပ်ခဲ့သည်။                                        

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဉပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်သည့် ဉပ‌ဒေပါအဓိပ္ပါယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက လုံခြုံသတိ၊ လုံခြုံရေးအသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။                             

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လှဝင်း