မြို့သစ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များနှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။