ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ဟင်္သာတ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကျောင်းသားကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ စာစစ်ဌာနများနှင့် ကျောင်းများတွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုဦးစီးမှူး ဦးတင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက စာမေးပွဲကျင်းပဖြေဆိုမည့် ကျောင်းများ၌ လျှပ်စစ်မီးအသုံးပြုမှု အခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများ ထားရှိမှုများ၊ ရေရရှိမှုအခြေအနေများအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)