ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးမွန်စေတီတော်မြတ်ကြီး ပန္နက်တော်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရား ပြည့်စုံထက်သန်မှု၊ သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသည့် ဒေသဖြစ်စေရန် ရည်ရွယ်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်မည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးမွန် စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အလှူရှင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။