သတင်းများ

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade- 9) နှစ်ဆုံးစာမေးပွဲများကျင်းပ
Feb 24,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9)တို့ နှစ်ဆုံး စာမေးပွဲများ စစ်ဆေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် သင်္ချာဘာသာရပ်ကို စစ်ဆေးခဲ့ရာ ၉၆ ရာခိုင်နှုန်းနီးပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ရှေးဟောင်းသမိုင်းဝင် လေးကျွန်းစင်္ကြာရှင် ရတနာမာန်အောင် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ရတနာမာန်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်လေးကျွန်းစင်္ကြာရှင် ရတနာမာန်အောင် စေတီတော်မြတ်ကြီးအား အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်းနှင့် ရတနာရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော် မင်္ဂလာအခမ်းအနားများကို ယနေ့(တပို့တွဲလပြည့်နေ့)နံနက် ၈ နာရီက အဆိုပါ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၂၀၂၃-၂၀၂၄) ပညာသင်နှစ် Grade-5 နှင့် Grade-9 စာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ဖြေဆို
Feb 24,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် Grade - 5 နှင့် Grade - 9 စာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် သံဃာ့ဒါနဆွမ်းတော်ကြီး လောင်းလှူပွဲ ကျင်းပ   
Feb 24,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီ ၄၅မိနစ်တွင် ကျင်းပသည်။
ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 24,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ပေး
Feb 24,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို
Feb 24,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။