သတင်းများ

မုဒုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 / Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို
Feb 22,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 / Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများဖြေဆို
Feb 22,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီမှ စတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် ကလေးငယ်များကိုယ်ကာယကြံ့ခိုင်စေရန် Physical Fitness Dance (EIM) အကသင်တန်းဖွင့်လှစ်
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊‌ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်၊ မဟာပညာ့ဗိမာန် ဘုန်းတော်ကြီး‌သင်ပညာရေးကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ Physical Fitness Dance (EIM) အကသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။
လပွတ္တာမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ရှာ‌ဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်းဖွင့်လှစ်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲပြုလုပ်
Feb 22,2024
ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာများ၊ သင်တန်းသား/သင်တန်းသူများ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 စစ်ဆေးခြင်း စာမေးပွဲစတင်ဖြေဆို
Feb 22,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို Grade-5 (ခရိုင်အဆင့်) စစ်ဆေးခြင်းနှင့် Grade -9 (ပြည်နယ်အဆင့်) စစ်ဆေးခြင်း စာမေးပွဲကို ယနေ့မှစတင်ကာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကွမ်းရွက်ဈေး (၁) ပိသာငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်သူများအဆင်ပြေ
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကွမ်းရွက်ဈေး (၁) ပိဿာငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။