မုဒုံ ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 / Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၂) ကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ပထမနေ့ (မြန်မာစာဘာသာ) တွင် Grade-5 စာရင်းရှိ ကျောင်းသား/ သူ (၃၀၈၀) ဦးရှိရာ ဖြေဆိုသူ (၂၉၅၁) ဦးရှိကြောင်း၊ Grade-9 စာရင်းရှိ ကျောင်းသား/ သူ (၁၇၉၀) ရှိရာ ဖြေဆိုသူ (၁၇၀၃) ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် စာမေးပွဲကို ဖေဖော်ရီ ၂၂ မှ ၂၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်သည်။
စာမေးပွဲဖြေဆိုနေမှုများကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်၊ ကျောင်းအုပ်ဆရာ/ ဆရာမများက ကြီးကြပ်၍ ဆရာ/ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)