ဇီးကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများဖြေဆို

ဇီးကုန်း ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။

 အခြေခံပညာအတန်းများ၏ ပြီးမြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ Grade-9 အား စာစစ်ဌာန (၂၀) ခုဖွင့်လှစ်၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆၄၀) ဦး (၉၇.၈၆) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် Grade-5အား စာစစ်ဌာန (၁၀၁) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၉၃၅) ဦး (၉၈.၅၂) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ Grade-5 စာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိလည်းကောင်း၊ Grade-9 စာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိလည်းကောင်း၊ တစ်နေ့လျင် တစ်ဘာသာဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းရှိပြီး၊ တိုင်းခရိုင် ပညာရေးမှူးများ၏ လမ်းညွှန်မှုနှင့်အတူ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)