သတင်းများ

မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 23,2024
ကရင်ပြည်နယ်၊  မြဝတီခရိုင်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ၊ ကျောင်းသင်္ကြန်နှင့် နှုတ်ဆက်မုန့်စားပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီတွင် အမှတ် ၄ ရပ်ကွက်၊ ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ( ၁ ) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား "အခမဲ့" ကျန်းမာရေး စောင့်ရှောက်မှုပေး
Feb 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း​များအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် (၉) နာရီက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးကျန်းမာရေးဆိုင်ရာရောဂါများ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ စျေးချိုရပ်ရှိစတုဘုမ္မိကကျွန်းကျောင်း ဓမ္မရိပ်သာကျောင်းရှိ ဓမ္မာရုံတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမရပူရခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အဆိုပါကျောင်းရှိသီလရှင် ဆရာကြီး၊ ဆရာလေးများကို အမျိုးသမီးကျန်းမာရေးဆိုင်ရာရောဂါများ အသိပညာပေး ဟောပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Feb 22,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ညောင်ဦးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းစစ်ဆေး
Feb 22,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသများသို့ ယမန်နေ့နံနက် နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ (Grade-5)နှင့် (Grade-9) စာမေးပွဲများဖြေဆို
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-9)စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကျင်းပပြုလုပ်
Feb 22,2024
မန္တလေး၊အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒေါနဘွားရပ်ကွက်၊ ၁၄×၁၅လမ်းကြား၊ ၆၃×၆၄ လမ်းကြား၊ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းရှိ ကွန်းခိုရာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။