မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းတုသတင်းမှားများကို နားမယောင်မိစေရန်နှင့် သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကား”လက်ကမ်းစာစောင်များကို ၂၃-၂-၂၀၂၄ ရက်နေ့နံနက်(၁၁း၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ “သတင်းစကား”လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရသည့်အကြောင်းအရင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်နှင့် ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှ ကောက်နှုတ်ချက် စသည်တို့ကို ထည့်သွင်းဖော်ပြထားပါသည်။
မြို့နယ်(ပြန်/ဆက်)