ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီး

ပိုင်ကျုံ    ဖေဖော်ဝါရီ   ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ် ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားများသည် ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက် မြေသားလမ်းပေါ်တွင်  ဆက်သွယ်ထားသည့် အရှည် ၂၅ ပေတံတား ၂ စင်းနှင့် အကျယ် ၃၀ ပေ တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သည်။  ယင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထိ ၅၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ် သိရသည်။

တံတားတည်ဆောက်လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့်  မိုးတွင်းကာလတွင် အန္တရာယ်ကင်းစွာသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)