ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာ မောင်မင်းစိုးရေးသားသော လူငယ်နှင့်အပြောင်းအလဲ စာအုပ်ဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ၊ ဆရာမများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်း (စိန်ဝင်းနွယ်-ဘာသာပြန်)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးဘိုသန်း(ဘုန်းရဲနိုင်-ဂန့်ဂေါ)၊ စာရေး ဆရာ ကဖိုးကျင်၊ ဦးကျော်ဇော၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ ဒေါ်ချယ်ရီအောင်သန်း (ချယ်ချယ်-YU)၊ ဦးကျော်ဆန်းဦး (မောင်ရည်ကျော်-ရူပ)နှင့် စာပေဝါသနာပါသူတို့က စာရေးဆရာမောင်မင်းစိုးရေးသားသော လူငယ်နှင့်အပြောင်းအလဲစာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)