(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သံဖြူဇရပ်၌ကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီလ ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

​အခမ်းအနားတွင် သဘာပတိအဖြစ် နိုင်တမော့အောနှင့်ဥက္ကဋ္ဌ နိုင်မနိုက်ရော အဖွဲ့ဝင် ၄ ဦးနှင့် ဟံသာဝတီရပ်ကွက်၊ ဟံသာဝတီကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပုပ္ဖတို့မှ ဆောင်ရွက်ပြီး၊ မွန်လူငယ်များမှ သယ်ဆောင်လာသည့် မွန်အမျိုးသားအလံအား မွန်သီချင်းသီဆိုကာလွှင့်တင် အလေးပြုခြင်း၊ ကျဆုံးလေပြီးဖြစ်သော မွန်အမျိုးသားခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ပြီး၊ မွန်ညီညွတ်ရေးပါတီမှ ပေးပို့သည့် သဝဏ်လွှာနှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာမှပေးပို့သည့် သဝဏ်လွှာတို့အား မွန်ဘာသာဖြင့် ဖတ်ကြားခဲ့ကြပြီး မွန်ရိုးရာယဥ်ကျေးမှု့အကများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်းနှင့် အခမ်းအနားကို ရဟန်းရှင်လူများ တက်ရောက်ခဲ့ကြသည်။

အလားတူ မွန်လူမျိုးများ အများစုနေထိုင်သည့် ဝါခရူကျေးရွာနှင့် ကွမ်သတ်ကျေးရွာတို့တွင်လည်း မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)