စလင်း ဖေဖေါ်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ(၂၅) နံနက်(၉)နာရီ ၃၀ အချိန်ကစျးမရပ်ကွက် ခြောက်ဆူဘုရား အာရုံခံတန်ဆောင်းအတွင်း၌ ဆွေးနွေးကိုကျင်းပပြုလုပ်ခဲ့ရာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမိုးယံမြင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စျေးမရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမိုးယံမြင့်ကပြည် သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်များ စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း၏ အကြောင်းအရာများနှင့် အကျိုးခံစားခွင့်များ စစ်မှုထမ်းရမည့်အရွယ် ပြည်သူ့စစ်မှုထမ်း ရန်အချိန်ကာ လများကိုရှင်းလင်းပြောကြားခဲ့သည်၊ ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းအတု သတင်းအမှားများနှင့် ကောလာဟလများကို မယုံကြည်ကြရန်နှင့် ပြည်သူများသိရှိစေရန် အကျယ်တစ်ဝင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူမှလည်းကောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဒုမြို့နယ် ဥပဒေအရာရှိ ဦးသက်လင်းဦးက ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသည့် ပြည်သူများ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း