ကျိုင်းတုံ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောင့်မှုလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၉ ရက်ထိ မြန်မာ့စီးပွားရေးဘဏ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ငွေကြေးကုန်ကျမှု၊ စိုက်ထုတ်ရမှု လျော့နည်းစေရေး၊ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ကျန်းမာရေးဆိုင်ရာရောဂါများကို စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးဆေးကုသခြင်းများကို ကျိုင်းတုံအထွေထွေရာဂါကုဆေးရုံးကြီးတွင် စစ်ဆေးဆောင်ရွက်ပေး၍ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်သည်။ ထို့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Pfizer Covid Vaccine ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးတွင် ပင်စင်ထုတ်ရက်ကာလများတွင် လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)