နတ်မောက်မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး        

နတ်မောက် ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။                      

ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Sodium Cyclamate သတ်မှတ်ပမာဏထက်ကျော်လွန်သည့် မောင်ကျန်တစ်တို့ ရှောက်ချိုမွှေးနှင့် ဇော်ဂျီဆေးမန်ကျည်း စသောသစ်သီးယိုစုံအတို့မှုန့်တို့ကို မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များအား ရောင်းချခြင်း ရှိ/မရှိ အစားအသောက်နမူနာအား ဈေးကွက်လက်ကျန်မရှိစေရန် မြို့နယ်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာများက စိစစ်ကြပ်မတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှဝင်း