လယ်ဝေးမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ

လယ်ဝေး ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ခုတင်-၁၀၀ ဆေးရုံတွင် ယနေ့မွန်းလွဲပိုင်းက သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ်မြောက် ထိုးနှံပေးခဲ့သည်။

အဆိုပါ အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ထိုးနှံခြင်းများအတွက် ဦးမျိုးအောင် Ever Meter Co.Ltd မှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လယ်ဝေးမြို့နယ်အတွင်းရှိ သံဃာတော်နှင့် သီလရှင် ၂၁၅ ပါးအား ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးနှင့်သာသနာရေးဦးစီးဌာနတို့မှ အထောက်အကူပြုအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)