သတင်းများ

မွန်ပြည်နယ်အတွင်း “ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 26,2024
မွန်ပြည်နယ်အတွင်း “ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု
Feb 26,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပေါင်းတည်၌ နွေစပါးစိုက်ပျိုးရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်များ တောင်သူများအားထုတ်ချေး
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်း ရရှိအောင်မြင်ရေးအတွက် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူများအား စိုက်ပျိုးထုတ်လုပ်စရိတ် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 26,2024
မွန်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မြို့ဝန်ကြီးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဆွမ်းသပိတ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်း
Feb 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့ အမှတ် (၁၀၂) ခြေမြန်တပ်ရင်းတွင် ရှေးသူတော်ကောင်းများ တည်ထားပူဇော်ခဲ့သော မြို့ဝန်ကြီးစေတီတော်မြတ် (ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ) ၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းအစုစု ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ “မြို့ဝန်ကြီးစေတီတော်မြတ်" ရင်ပြင်တော်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးအား ဆွမ်းသပိတ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။
ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Feb 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်က မိုးနိုင်းရပ်ကွက်နှင့်ကျုံက‌ကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြိုနယ်၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ ဇေယျာသီရိမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်း၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ကျည်တောင်ကျေးရွာအုပ်စုနှင့် စည်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြဆောင်ရွက်
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၈)စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် ရတနာတိုးစပါးမျိုးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက  ကင်မွန်းခြုံကျေးရွာအုပ်စု၊ရေဖြူကျေးရွာ ကွင်းအမှတ်-၇၂၁(ခ) ရေဖြူကွင်း၊ တောင်သူဦးခင်မောင်သန်း၏ လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်သည်။