သတင်းများ

ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်
Jan 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၇၅၀၀ ကောင်အား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး
Jan 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ​မြို့နယ်တွင် ကျွဲ၊ နွားများ ခွာနာလျှာနာ ရောဂါကင်းရှင်းရေးအတွက် ကျွဲ၊ နွားများ ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများအား ၆ လတစ်ကြိမ် အခမဲ့ထိုးနှံပေးလျက်ရှိရာ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွဲ၊ နွားများအား ကာကွယ်​ဆေး သွားရောက်၍ ထိုးနှံ​ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ငွေဆောင်မြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့တွင် ပုသိမ်မြို့နယ် ၊ မီးသတ်ဦးစီးမှူး  ဦး တင်ထွဋ်  ဦးဆောင်၍ ငွေဆောင်နယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၂/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နေ့လည်ပိုင်းက ငွေဆောင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေများ ပေးအပ်
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်ကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးက အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစာခွင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 09,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ
Jan 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။