ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေလည်ပတ်သူများဖြင့်စည်ကား

 ချောင်းသာ မတ် ၇

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ နံနက်ပိုင်းက အပမ်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အစိုးရ၊ ပုဂ္ဂလိက အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သော်လည်း ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကြောင့် ဟိုတယ်၊ တည်းခိုခန်းများတွင် တည်းခိုသူ များပြားနေပြီး ကမ်းခြေတွင် အပမ်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိသည်။

ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေတွင် အပမ်း ဖြေ အနားယူခြင်းများအပြင် ကမ်းခြေအနီးရှိ ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ချောင်းသာမြို့နှင့် ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် Sea @Lake Garden သို့ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)