ကျုံပျော်တွင် သာကူစေ့ဂိုဒေါင် မီးလောင်မှုဖြစ်ပွား
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ခဲဘောင်လမ်းရှိ ထွန်းမေတ္တာ သာကူစေ့စက်ရုံ ဂိုဒေါင်တွင် ဇန်နဝါရီလ ၈ ရက် နံနက် ၁၅ နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ၁၇ နာရီအချိန်တွင် သတင်းပေးပို့သဖြင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။