တန့်ယန်း မတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီး၌ ကျောင်းသား၊ ကျောင်းသူ (၂၂၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းတင်သွင်းထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာစစ်ဌာနတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခုရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား (၄၄)ဦး၊ ကျောင်းသူ (၇၃)ဦး စုစုပေါင်း (၁၁၇)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား (၃၀)ဦး၊ ကျောင်းသူ (၇၇)ဦး စုစုပေါင်း (၁၀၇)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းတင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)