သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့ဝန်ကုန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကုန်းကျေးရွာရှိ၊ ဆန်းသီရိကျောင်းတိုက်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီက မင်္ဂလာရပ်ကွက်အတွင်းရှိ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 10,2024
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူနေကြသည့် တိုင်းရင်းသားလူငယ်မောင်မယ်များကို မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်နှင့် ကာကွယ်တားဆီးနှိမ်နင်းတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးတားဆီး
မိတ္ထီလာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်ဇေယျာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်ဇေယျာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ
Jan 10,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မြဝတီမြို့၌ လူငယ်များအတွေးအခေါ်မှန်ကန်ပြီး ဗလငါးတန်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကျင်းပ
Jan 10,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိဖြန့်ခွဲနေမှုအား ကြည့်ရှုစစ်ဆေး
Jan 10,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light သင်္ဘောဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည့် ပစ္စည်းများအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။