သံတွဲခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၆)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်

သံတွဲ မတ် ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၆) ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သံတွဲမြို့နယ်၌ စာမေးပွဲကျင်းပသွားမည့် စာစစ်ဌာနများမှာ အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-ကင်းမော်၊ အ.ထ.က-ငပလီ၊ အ.ထ.က(ခွဲ) လင်းသာ၊ အ.ထ.က(ခွဲ)မြို့မ အစရှိသည့် စာစစ်ဌာနများတွင် ကျောင်းတွင်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ(၁၁၀၆)ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ (၁၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦးတို့မှာ ၎င်းစာစစ်ဌာန (၆)ခု၌ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)