အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက်(၂)လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jan 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမျိုးသမီးအခြေခံအပ်ချုပ်စက် (၂)လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့အချိန်က ဘုတ်ပြင်းမြို့ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။