မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား/ကျောင်းသူ (၁၀၅၉)ဦး ဝင်ရောက်ဖြေဆို

မအူပင် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား မတ်လ (၁၁)ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၁၀၅၉)ဦး စာရင်းသွင်းထားကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား စာစစ်ဌာန(၉)ခုဖြင့် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၅၉၆)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းရွာ)တွင် (၈၃)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (လေးအိမ်စု)တွင် (၃၃)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(မလက်တို)တွင် (၆၉)ဦး၊ အခြေခံပညာအထက်တန်း ကျောင်း(ရေလဲကလေး)တွင် (၁၀၁)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေတောင်မှော်)တွင်  (၆၅)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (လယ်ကိုင်း)တွင် (၃၇)ဦး၊ အခြေခံပညာအထက်တန်း ကျောင်း (ကျုံန‌တ္တော်)တွင် (၅၀)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (စစ်ချောင်း)တွင် (၂၅)ဦး စုစုပေါင်း (၁၀၅၉)ဦး ဖြေဆိုရန် စာရင်းသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

အောင်မြင့်မြတ်(ပြန်/ဆက်)