သတင်းများ

ပခုက္ကူမြို့၌ NCAကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA/AA/TNLA/ MNDAA/BBLAနှင့် အကြမ်းဖက် PDF အဖွဲ့များအား ဆန်ကျင့်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲ ပြုလုပ်
Jan 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ NCAကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA/AA/TNLA/ MNDAA/BBLAနှင့် အကြမ်းဖက် PDF အဖွဲ့များအား ဆန်ကျင့်ရှုတ်ချခြင်း၊ ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားကိုးကွယ်သည့် စေတီပုထိုးများ၊ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသူ အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
ဘုတ်ပြင်းမြို့ အောင်တော်မူစေတီတော်၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Jan 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ဆုတောင်းပြည့်အောင်တော်မူစေတီ ရင်ပြင်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ နံဇူပင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် 122kW ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ နံဇူပင်လျှစ်စစ်မြစ်ရေတင်လုပ်ငန်းတွင် 122kW ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက နံဇူပင်လျှပ်စစ်မြစ်ရေတင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလေးများကျန်းမာကြံ့ခိုင်ရေး ကျောင်းတွင်းကာယလေ့ကျင့်ခန်းပြိုင်ပွဲ ကျင်းပ
Jan 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉နာရီက ကျောင်းတွင်းကာယပညာလေ့ကျင့်ခန်းပြိုင်ပွဲကို ကျင်းပသည်။
Mico Hill Resort(Pyin Oo Lwin)မှ ပြင်ဦးလွင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များသို့ အလှူငွေပေးအပ်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jan 14,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ ကုန်းဘော(ရပ်)ရှိ Mico Hill Resort(Pyin Oo Lwin)မှ ပြင်ဦးလွင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် သန္တိသုခလူမှုကူညီရေးအသင်း၊ မဟာပီတိသွေးလှူရှင်အသင်း၊ နှလုံးလှကြယ်စင်သွေးလှူအသင်း၊ အနှိုင်းမဲ့မေတ္တာရှင် လူမှုစောင့်ရှောက်ရေးအသင်း၊ မဟာဂန္ဓာရုံဓမ္မစကူးလ်နှင့် အ.လ.က (ကုန်းဘော)ကျောင်းများသို့ အလှူငွေပေးအပ်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက Mico Hill Resort (Pyin Oo Lwin) တွင် ကျင်းပကြောင်း သိရသည်။   
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲများ ကျင်းပ
Jan 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ/ဉာဏဆိုင်ရာ ထူးချွန်ဆုပေးပွဲများကို ဇန်နဝါရီ (၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Jan 14,2024
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။
အ.မ.က ကြည်တော်စု ပညာရေးစုံညီပွဲ​​​​​​တော်ကျင်းပ
Jan 14,2024
လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် အ.မ.က ကြည်တော်စုကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပရာ ရှေးဦးစွာ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ချိုချိုခိုင်က အဖွင့်အမှာစကားပြောကြားသည်။