သတင်းများ

ကျိုက်လတ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲမှစတင်၍ ကျိုက်လတ် မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ စုဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Jan 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ရှေ့မှစတင်ကာ မြို့တွင်းတစ်ပတ်လှည့်လည်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 14,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၁၄)ရက် နံနက် (၉)နာရီတွင် အ.ထ.က (၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
ဥတ္တရခရိုင်ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဇလွန်မြို့နယ် ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Jan 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဇလွန်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။
မင်းကင်းမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်းရှိ စကားဝါခန်းမတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည်ညို
Jan 14,2024
ပဲခူး​မြို့၊ သာသနာ့ဇောတိကစာသင်တိုက်ကြီး၌ ယနေ့ နေ့လယ်(၁)နာရီအချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။     
သပိတ်ကျင်းမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်​မြိုက်စွာကျင်းပ
Jan 14,2024
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။