ချမ်းအေးသာစံမြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး(အခြေခံ)သင်တန်းဖွင့်လှစ်
Mar 14,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ မန္တလေးတိုင်းအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး(အခြေခံ)သင်တန်းကို မတ်လ ၁၃ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၇×၇၀ လမ်းထောင့် တိုင်းကျန်းမာရေးဝင်းအတွင်းရှိ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊ အရေးပေါ် စီမံကွပ်ကဲရေးစင်တာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။