သတင်းများ

ရေဦးကုန်းကျေးရွာအုပ်စုရှိ ဒေသခံအိမ်ထောင်စုများသို့ စားအုန်းဆီများဆက်လက်ရောင်းချပေး
Jan 15,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့ပေါ်ငါးရပ်ကွက်နှင့် တည်ငြိမ်အေးချမ်းသော ကျေးရွာအချို့ရှိ ဒေသခံအိမ်ထောင်စုများ စားရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် အလှည့်ကျရောင်းချပေးလျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရေဦးကုန်းကျေးရွာအုပ်စု (ရေဦးကုန်း၊ နပေါင် ၊ ရွာသစ်) ရှိ ဒေသခံအိမ်ထောင်စုများသို့ စားဆီများ ကွင်းဆင်းရောင်းချပေးခဲ့သည်။
ဟင်္သာတမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဟာရဒါနများလှူဒါန်း၊ စားသုံးဆီများ သက်သာစွာရောင်းချပေး
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းနှင့် အဟာရဖြည့် အစားအစာများ ကျွေးမွေးလှူဒါန်းခြင်း၊ စားအုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
လေးမျက်နှာမြို့နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 15,2024
လေးမျက်နှာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား များအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင်လေးမျက်နှာမြို့မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်ပြီးစစ်ဆေးပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အထွေထွေရောဂါများအား စစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အင်္ဂပူမြို့နယ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့်မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့အားကစားခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။
ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲတွင် ဘိုကလေးမြို့နယ်မှ ရှင်သာမဏေ (၂၁၈) ပါးဝင်ရောက်ဖြေဆိုမည်
Jan 15,2024
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ပြန့်ပွားရေး၊ သာသနာ့အာဇာနည်အရှင်မြတ်များ ပေါ်ထွန်းလာစေရး တို့ကိုရည်ရွယ်ကာ ယခုနှစ် (၄၈) ကြိမ်မြောက် ဖျာပုံခရိုင်၊ လေးမြို့နယ်ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီးအား ဖျာပုံခရိုင်အတွင်းမှ ဒေးဒရဲမြို့နယ်၌ ဖေဖော်ဝါရီ (၂၆)ရက်နေ့မှ စတင်၍ မတ်လ(၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဘိုကလေးမြို့နယ်မှ ရှင်သာမဏေ(၂၁၈)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ အခြေခံမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/ သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/ သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။