ဒေးဒရဲမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေးဒရဲ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ရောက်ရှိမည့် (၇၉) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နေ့လယ် (၁၂) နာရီက လူစည်ကားရာနေရာများ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ပြောကြားသည့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကလုပ်ဆောင်ကောက်နုတ်ချက်၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်ဆောင်းပါး၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်​ ရေးသားသည့် ဆက်၍ချီပါ တပ်မတော် ကဗျာစသည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများပါ ​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခမဲ့ထုတ်ဝေသည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း