သတင်းများ

အလုံမြို့နယ်၌ ပြည်သူများများအား သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်
Mar 14,2024
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင်၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့် မုန့်များပေးဝေ
Mar 14,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုကျင်းပလျက်ရှိရာ သင်္ချာဘာသာရပ်တွင် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၄၉၄)ဦး ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၃၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Mar 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ရွာလွတ်-ကတောင်စိန်တောင်ဖြတ်လမ်း၊ ကတ္တရာလမ်းသစ်) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Mar 14,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၉း၃၀) နာရီက (ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း၊ ကတ္တရာလမ်းသစ်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်များ ပေးဝေ
Mar 14,2024
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ တတိယမြောက်နေ့အဖြစ် ယမန်နေ့နံနက် (၉)နာရီမှစ၍ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
တောင်ကြီး ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် နှစ်ဝက်ဆုံးဆုချီးမြှင့်ခြင်းနှင့် စွမ်းရည်ပြသခြင်း ကျင်းပ
Mar 14,2024
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် နှစ်ဝက်ဆုံးဆုချီးမြှင့်ခြင်းနှင့် စွမ်းရည်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
မြင်ခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 14,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု
Mar 14,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စတုတ္ထနေ့ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။