လေးမျက်နှာ ဇန်နဝါရီ ၁၅
လေးမျက်နှာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား များအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင်လေးမျက်နှာမြို့မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်ပြီးစစ်ဆေးပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အထွေထွေရောဂါများအား စစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနိုင်ငံ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကလာရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကြက်ဥ၊ မုန့်များ၊ ရေသန့်ဘူးများထောက်ပံ့ပေးခဲ့ပြီး အဆိုပါကျန်းမာရေးစောင့်ရှောက်မှုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စား ၁၇၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)