ရေဦး၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့ပေါ်ငါးရပ်ကွက်နှင့် တည်ငြိမ်အေးချမ်းသော ကျေးရွာအချို့ရှိ ဒေသခံအိမ်ထောင်စုများ စားရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် အလှည့်ကျရောင်းချပေးလျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရေဦးကုန်းကျေးရွာအုပ်စု (ရေဦးကုန်း၊ နပေါင် ၊ ရွာသစ်) ရှိ ဒေသခံအိမ်ထောင်စုများသို့ စားဆီများ ကွင်းဆင်းရောင်းချပေးခဲ့သည်။
ကျေးလက်နေပြည်သူများ စားအုန်းဆီ ၀ယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း ဦးဆောင်သောဌာနဆိုင်ရာ တာ၀န်ရှိသူများက အနီးကပ် ကြီးကြပ်လျှက် ကွင်းဆင်းရောင်းချပေးခဲ့သည်။
ထိုသို့ စားဆီများ ရောင်းချပေးရာတွင် ရွှေပြည်သာရပ်ကွက် အိမ်ထောင်စုတစ်စုလျှင် စားဆီ ၅၀ ကျပ်သား (၂၈၅၀ ကျပ်) နှုန်းဖြင့် အိမ်ထောင်စု ၁၈၀ စုအတွက် စားဆီ ၉၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)