ခန္တီး ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ အခြေခံမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ကျောင်းသား/သူလေးများက စုံညီပွဲတော်တို့နွှဲပွဲ သီချင်းသီဆိုခြင်းဖြင့် အခမ်းအနား အားဖွင့်လှစ်ခဲ့ပြီး ခန္တီးမြို့နယ်ပညာရေးမှူး ဉီးဝင်းလွင်ဉီးက အဖွင့်အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြခိုင်က သင်ကြားနေသော ပညာရေးစနစ်များနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံမူလတန်းလွန်ကျောင်း(ပေါမိုင်း)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြစိန်က ကျောင်း၏အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းဆုရရှိသော ကျောင်းသား/သူလေးများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာဆရာ/မများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)