မြန်မာနိုင်ငံသစ်တောကျောင်း ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၇) ၏ အမှတ်စဉ် (၈-၉/၂၀၂၄) ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ

ပြင်ဦးလွင် မတ် ၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊  ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) ၏ အမှတ်စဉ် (၈-၉/၂၀၂၄) ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၁၆ နာရီက ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း၏ ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ကြီး ဦးစိုးသန့်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်းက သင်တန်းဆင်း အမှာစကားများ ပြောကြားပြီး၊ တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့သူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

ထို့နောက် သင်တန်းသားများက ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးနှင့် တပ်ဖွဲ့ဝင်နည်းပြ ဆရာ/ဆရာမများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။

အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) တွင် သင်တန်းသား (၅၁) ဦး ၊ အမှတ်စဉ် (၉/၂၀၂၄) တွင် သင်တန်းသား (၅၅)ဦး စုစုပေါင်း မြန်မာနိုင်ငံသစ်တောကျောင်း ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) ၏ သင်တန်းသား (၁၀၆) ဦးအား ရှေးဦးသူနာပြုစုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်(ပြန်/ဆက်)