ဗန်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမကြီး ခင်ဆွေဦး ရေးသားသည့် “ အင်ကြင်းရဂုံ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက “အင်ကြင်းရဂုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး စာအုပ်တစ်အုပ်လုံး၏ အနှစ်ချုပ်နှင့် ရသများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဦးမျိုးလှိုင်က စာအုပ်တွင်ပါရှိသည့် အဓိကဇာတ်ကောင် (အမျိုးသား) များ၏ ဓလေ့စရိုက်နှင့် စိတ်နေသဘော ထားများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်စန်းယုသီက စာအုပ်တွင်ပါရှိသည့် အဓိကဇာတ်ကောင် (အမျိုးသမီး) များ၏ ဓလေ့စရိုက်နှင့် စိတ်နေသဘောထားများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)